Dagon University

ဒဂုံတက္ကသိုလ်

Download Form

ကျောင်းသားဟောင်းများ ပညာဆက်လက်သင်ခွင့် လျှောက်လွှာ(A-form)

Download here ကျောင်းသားဟောင်းများ ပညာဆက်လက်သင်ခွင့် လျှောက်လွှာ

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ(Exam-form)

Download here စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ
အထောက်အကူပြု ဘာသာတွဲလျှောက်လွှာ(Elective-form)

Download here အထောက်အကူပြု ဘာသာတွဲလျှောက်လွှာ

 

ဒုတိယနှစ်နှင့်အထက်အတန်းများအတွက်(ကျောင်းသားဟောင်းများ)

(ဒုတိယနှစ်-သတ္တဗေဒ နှင့်ရုက္ခဗေဒ အထူးပြုများမပါ။)

  1. ပုံစံပါအချက်အလက်များ(A-form နှင့် Exam-form)ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပါ။
  2. (A-form)တွင် ဓါတ်ပုံ(၄)ပုံ၊(Exam-form)တွင် ဓါတ်ပုံ(၂)ပုံကပ်ရန်။
  3. (A-form)ကို မိတ္တူ(၁)စောင်ကူးရန်။ယင်းမိတ္တူပေါ်တွင် ဓါတ်ပုံ(၁)ပုံကပ်ရန်။
  4. ဖြည့်စွက်ပြီး (A-form နှင့် Exam-form)ပုံစံများကို ကျောင်းသားရေးရာဌာနတွင် စစ်ဆေးရန်။
  5. သက်ဆိုင်ရာ ပညာသင်နှစ် ငွေလက်ခံတွင် သတ်မှတ်အခကြေးငွေများ ပေးသွင်းရန်။
  6. ငွေလက်ခံတွင် ငွေသွင်းပြီးမှသာ ကျောင်းအပ်နှံခြင်းလုပ်ငန်းပြီးဆုံးမည် ဖြစ်သည်။

 

ဒုတိယနှစ်သတ္တဗေဒ နှင့်ရုက္ခဗေဒအထူးပြုများအတွက်

  1. ပုံစံပါအချက်အလက်များ (A-form,Exam-form,Elective-form)ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပါ။
    (သတ္တဗေဒအထူးပြုများအတွက် ဓါတုဗေဒ(သို့)ရုက္ခဗေဒဘာသာရပ်ကို ရွေးရန်။)
    (ရုက္ခဗေဒအထူးပြုများအတွက် ဓါတုဗေဒ(သို့)သတ္တဗေဒဘာသာရပ်ကို ရွေးရန်။)
    (၂၊၃၊၄၊၅၊၆ အထက်ပါအချက်များအတိုင်း လုပ်ဆောင်ရမည်။)

 

ပထမနှစ်အတန်းအတွက်(အင်္ဂလိပ်စာ၊ပထဝီဝင်၊သမိုင်း၊နိုင်ငံတကာဆက်ဆံရေးပညာ၊ရှေးဟောင်းသုတေသနပညာ၊ဘူမိဗေဒ၊အထူးပြုများမပါ။)

  1. ပထမနှစ်ကျောင်းသားရေးရာတွင် ကျောင်းဝင်ခွင့်ပုံစံစာရွက်(အစိမ်းရောင်)နှင့် Exam-form ကို ထုတ်ယူပါ။ ကျောင်းဝင်ခွင့်ပုံစံစာရွက်(အစိမ်းရောင်) မပါရှိသူများသည် A-form တွင်ဖြည့်စွက်ရမည်။
  2. ပုံစံပါအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပါ။
  3. ကျောင်းဝင်ခွင့်ပုံစံစာရွက်(အစိမ်းရောင်) (သို့မဟုတ်) A-form တွင် ဓါတ်ပုံ(၄)ပုံ၊ Exam-form တွင် ဓါတ်ပုံ(၂)ပုံကပ်ရန်။အစိမ်းရောင်ပုံစံ (သို့မဟုတ်) A-form ကို မိတ္တူ(၁)စောင်ကူးရန်။ ယင်းမိတ္တူပေါ်တွင် ဓါတ်ပုံ(၁)ပုံကပ်ရန်။
  4. ကျောင်းဝင်ခွင့်ပုံစံစာရွက်(အစိမ်းရောင်)(သို့ မဟုတ်) A-form တွင် သက်ဆိုင်ရာပါမောက္ခ(ဌာနမှူး) (သို့) တာဝန်ခံဆရာ/ဆရာမ လက်မှတ်ရေးထိုးရန်။(သက်ဆိုင်ရာဘာသာရပ်ဌာန သို့ သွားပါ။)
  5. ဖြည့်စွက်ပြီး (A-form နှင့် Exam-form)ပုံစံများကို ကျောင်းသားရေးရာဌာနတွင် စစ်ဆေးရန်။
  6. သက်ဆိုင်ရာ ပညာသင်နှစ် ငွေလက်ခံတွင် သတ်မှတ်အခကြေးငွေများ ပေးသွင်းရန်။
  7. ငွေလက်ခံတွင် ငွေသွင်းပြီးမှသာ ကျောင်းအပ်နှံခြင်းလုပ်ငန်းပြီးဆုံးမည် ဖြစ်သည်။

 

ပထမနှစ်အတန်းအတွက်(အင်္ဂလိပ်စာ၊ပထဝီဝင်၊သမိုင်း၊နိုင်ငံတကာဆက်ဆံရေးပညာ၊ ရှေးဟောင်းသုတေသနပညာ၊ဘူမိဗေဒ အထူးပြုများအတွက်)

  1. ပထမနှစ်ကျောင်းသားရေးရာတွင် ကျောင်းဝင်ခွင့်ပုံစံစာရွက်(အစိမ်းရောင်)၊ Exam-form နှင့် Elective-form ကို ထုတ်ယူပါ။ ကျောင်းဝင်ခွင့်ပုံစံစာရွက်(အစိမ်းရောင်) မပါရှိသူများသည် A- form တွင် ဖြည့်စွက် ရမည်။
    (၂၊၃၊၄၊၅၊၆၊၇ အထက်ပါအချက်များအတိုင်းလုပ်ဆောင်ရမည်။)

 

ဘာသာပြောင်းလျှောက်လွှာ

Download here ဘာသာပြောင်းလျှောက်လွှာ

ဘာသာပြောင်းမည့်သူများအမှတ်စာရင်းပူးတွဲတင်ပြရမည်။

 

ကျောင်းပြောင်းလျှောက်လွှာ

Download here ကျောင်းပြောင်းလျှောက်လွှာ

 

စာမေးပွဲကျရှုံးသူများလိုက်နာဆောင်ရွက်ရန်

ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေ)၊ မဟာအရည်အချင်းစစ် ကျရှူံးသူများသည် အထက်ပါအတိုင်း ကျောင်းအပ်နှံခြင်းကို ဆောင်ရွက်မှသာ ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့်ရရှိပြီး စာမေးပွဲဖြေဆိုခွင့်ရှိမည်ဖြစ်သည်။

ပထမနှစ်ဂုဏ်ထူးတန်းကျရှုံးသူများသည် တတိယနှစ်တွင်လည်းကောင်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း ကျရှူံးသူများသည် စတုတ္ထနှစ်တွင်လည်းကောင်း အထက်ပါအတိုင်း ကျောင်းအပ်နှံခြင်းကို ဆောင်ရွက်မှသာ ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့်ရရှိပြီး စာမေးပွဲဖြေဆိုခွင့်ရှိမည်ဖြစ်သည်။